တရားရုံးအဆင့်ဆင့်ဖွဲ့စည်းပုံ

တရားရုံးအဆင့်ဆင့်ဖွဲ့စည်းပုံ

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ကို ၂၀၀၈ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၅ နှင့် ၂၀၁၀ ပြည့်နှစ်၊ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေ ပုဒ်မ ၃၄ တို့အရ ၂၀၁၁ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ကို တရားသူကြီးချုပ်(၁)ဦး၊ တရားသူကြီး(၆)ဦး၊ စုစုပေါင်း(၇)ဦးတို့ဖြင့် ဖွဲ့စည်း ထားပါသည်။

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၏ ကြီးကြပ်မှုအောက်တွင် ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး(၄၅)ရုံး၊ ကလေးသူငယ်တရားရုံး(၁)ရုံး၊ စည်ပင်သာယာတရားရုံး(၇)ရုံး၊ မော်တော်ယာဉ်တရားရုံး(၂)ရုံးတို့ကို ဖွဲ့စည်းထားပါသည်။ ခရိုင်တရားရုံး(၄)ရုံးမှာ ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံး၊ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၊ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံး နှင့် ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးတို့ ဖြစ်ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ