ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏အကြိမ်(၂၀)မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနား

ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးမျိုးညွန့်က မှာကြားခြင်း
ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးမျိုးညွန့်က မှာကြားခြင်း
တိုင်းတရားရေးဦးစီးမှူး ဒေါ်မြင့်ဝှာမှ (၂၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၏  မှာကြားချက်များအား ရှင်းလင်းတင်ပြ

ပုသိမ်မြို့ ၊ ၂၀၂၁ခုနှစ် ၊ မတ်လ (၁) ရက်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ်တရား လွှတ်တော်များ၏ (၂၀)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကို ၂၀၂၁ခုနှစ်၊ မတ် လ (၁)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်တွင် ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေး ခန်းမ၌ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တိုင်းတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ ပုသိမ်ခရိုင်နှင့် ပုသိမ်မြို့နယ်တို့မှ တရားသူကြီးများတက်ရောက်၍ ကျန်ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများက (online) ဖြင့် တက်ရောက်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

                   ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးမျိုးညွန့်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၏ (၂၀)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပါသည်။

                   ဆက်လက်ပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဦးဝင်းမြင့်၊ ဒေါ်ယဉ်ယဉ်ဟန်၊ ဒေါ်မိုးမိုးအေးတို့က တရားစီရင်ရေးဆိုင်ရာ အတွေ့အကြုံများနှင့် လတ်တလော တွင် ပြင်ဆင်ပြောင်းလဲပြဌာန်းခဲ့သည့် ဥပဒေပြဌာန်းချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းတရားရေးဦးစီးမှူး ဒေါ်မြင့်ဝှာက (၂၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၏  မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းတင်ပြခဲ့ပါသည်။

                   ထို့နောက် တက်ရောက်လာကြသည့် ခရိုင်တရားသူကြီးများ၊ မြို့နယ်တရား သူကြီးများမှ  တရားစီရင်ရေးအခြေအနေနှင့် တရားရုံးအခြေအနေများကိုတင်ပြပြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးမျိုးညွှန့်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။