တရားလွှတ်တော်

ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မိုးမိုးအေး

     

တရားသူကြီးချုပ်ဒေါ်မိုးမိုးအေးသည် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်နေ့တွင် ခန့်အပ်ခြင်းခံရပါသည်။ ဒေါ်မိုးမိုးအေးသည် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် စတင်ခန့်အပ်ခြင်းခံရခဲ့ပါသည်။

တရားသူကြီးချုပ်ဒေါ်မိုးမိုးအေးကို ၁၉၆၃ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့ပါသည်။ ဒေါ်မိုးမိုးအေးသည် ၁၉၈၅ ခုနှစ်တွင် တရားရေး အရာရှိအဆင့်(၄)အဖြစ် တရားဌာနတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ညွှန်ကြားရေးမှူး အဆင့်နှင့်ညီမျှသော ပြည်နယ်/တိုင်းဦးစီးမှူးအဆင့်အထိ စုစုပေါင်းလုပ်သက် (၃၅) နှစ်ကျော် တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဒေါ်မိုးမိုးအေးသည် အိမ်ထောင်ရှိသူ တစ်ဦး ဖြစ်ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ