သတင်းများ

ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တွင် တရားစီရင်ရေးရာ၊ စီမံရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လမ်းညွှန်အမှာစကားပြောကြားခြင်း
Post Image

ပုသိမ် ၊ အောက်တိုဘာ ၂၉ 

     ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တွင် တရားစီရင်ရေးရာ၊ စီမံရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လမ်းညွှန်အမှာစကားပြောကြားသည့်အခမ်းအနားကို အောက်တိုဘာလ ၂၉ ရက်နေ့၊ ၁၅း၃၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပသည်။

          အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်မိုးမိုးအေးက တရားစီရင်ရေးရာ၊ စီမံရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားပြီး တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးများဖြစ်သည့် ဒေါ်ယဉ်ယဉ်ဟန်၊ ဦးဝင်းမြိုင်၊ ဒေါ်ခင်စန်းဝင်း၊ ဒေါက်တာ အောင်ထွန်းလင်းတို့က တရားစီရင်ရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူးဒေါ်စန္ဒာကျော်က စီမံရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း အသီးသီး လမ်းညွှန်မှာကြားသည်။

          အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် တိုင်းဒေသကြီးတရားလွှတ်တော်၊ ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများ မှ တရားရေးအရာရှိများ၊ တရားသူကြီးများ စုစုပေါင်း (၁၂၇) ဦး တက်‌ရောက်သည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ