သတင်းများ

ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး(၃)ဦးပါဝင်သောအဖွဲ့ ရုံးထိုင်ခြင်း

ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိုးမိုးအေးနှင့် တရားလွှတ်တော်တရားသူကြီးများဖြစ်ကြသော ဒေါ်ခင်စန်းဝင်း၊ ဒေါက်တာအောင်ထွန်းလင်း တို့ပါဝင်သော အဖွဲ့သည် ၁၆-၁၁-၂၀၂၆ ရက်နေ့၊ မွန်းတည့် ၁၂:၀၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်၊ ရုံးခန်းအမှတ် ( ၂ ) ၌ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၁ (၁) (ခ) အရ လျှောက်ထားသော ရာဇဝတ်အထွေထွေမှုအမှတ် ၁၂/၂၀၂၆ နှင့် ၁၃/၂၀၂၆ တို့ကို ရုံးထိုင်ကြားနာခဲ့သည်။