တရားသူကြီး ဒေါ်ယဉ်ယဉ်ဟန်သည် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ လတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဒေါ်ယဉ်ယဉ်ဟန်သည် တရားလွှတ်တော်တရားသူကြီး တာဝန်မထမ်းဆောင်မီက ဒုတိယညွှန်ကြားရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တွင် ၂၀၁၇ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့ပါသည်။
ဒေါ်ယဉ်ယဉ်ဟန်သည် ၁၉၆၄ ခုနှစ် မွေးဖွားပါသည်။ ဒေါ်ယဉ်ယဉ်ဟန်သည် ၁၉၈၇ ခုနှစ်တွင် ဥပဒေဘွဲ့အား ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ရရှိခဲ့ပါသည်။ ၂၀၀၅ ခုနှစ်တွင် Diploma in Maritime Law နှင့် Diploma in English တို့အား ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် Diploma in English Language Proficiency အား SEAMEO Regional Centre For History and Tradition မှရရှိခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် မဟာဥပဒေဘွဲ့အား Southwest University of Political Science and Law Chongqing, China မှရရှိခဲ့ပါသည်။ ဒေါ်ယဉ်ယဉ်ဟန်သည် တရားရေးဝန်ထမ်းအဆင့်-4 အဖြစ် 1988 ခုနှစ်၌ စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး ဒုတိယမြို့နယ်တရားသူကြီး၊ မြို့နယ်တရားသူကြီး၊ ဒုတိယခရိုင်တရားသူကြီး၊ ခရိုင်တရားသူကြီးအဖြစ် တရားဌာနတွင် ( ၂၉ ) နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဒေါ်ယဉ်ယဉ်ဟန်သည် အိမ်ထောင်မရှိ အပျိုဖြစ်ပါသည်။