တရားသူကြီးလွှတ်တော်တရားသူကြီးဦးဝင်းမြိုင်သည် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ် ၂၀၂၁ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ခန့်အပ်ခြင်းခံရပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နေပြည်တော်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
တရားသူကြီးလွှတ်တော်တရားသူကြီးဦးဝင်းမြိုင်ကို ၁၉၆၂ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၌ မွေးဖွားခဲ့ပါသည်။ ၁၉၈၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် (တက္ကသိုလ်စာပေးစာယူသင်တန်း)မှ ဥပဒေဘွဲ့ကို ရရှိခဲ့ပါသည်။ Diploma in Business Law ကို ၁၉၉၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့ပါသည်။ တရားရေးဝန်ထမ်းအဆင့် ၄ အဖြစ် ၁၉၈၇ ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ တရားရေးဌာနတွင် ၃၃ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ အိမ်ထောင်ရှိသူတစ်ဦး ဖြစ်ပါသည်။