တရားလွှတ်တော်တရားသူကြီးဒေါ်ခင်စန်းဝင်းသည် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့တွင် ခန့်အပ်ခြင်းခံရပါသည်။ ဒေါ်ခင်စန်းဝင်းသည် ယခင်က ညွှန်ကြားရေးမှူး အဆင့်နှင့်ညီမျှသော ပြည်နယ်/တိုင်းဦးစီးမှူးအဖြစ် ၂၀၂၁ ခုနှစ်တွင် ခန့်အပ်ခံခဲ့ရပါသည်။
ဒေါ်ခင်စန်းဝင်းကို ၁၉၆၂ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပါသည်။ ၁၉၈၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့ပါသည်။ ဒေါ်ခင်စန်းဝင်းသည် ၁၉၈၅ ခုနှစ်တွင် တရားရေးအရာရှိအဆင့်(၄)အဖြစ် တရားဌာနတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ညွှန်ကြားရေးမှူး အဆင့်နှင့်ညီမျှသော ပြည်နယ်/တိုင်းဦးစီးမှူးအဆင့်အထိ စုစုပေါင်း လုပ်သက် (၃၆) နှစ်ကျော် တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ အိမ်ထောင်ရှိပါသည်။ ဒေါ်ခင်စန်းဝင်းတွင် သား တစ်ယောက်နှင့် သမီးတစ်ယောက်ရှိပါသည်။