ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဒေါက်တာအောင်ထွန်းလင်းကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့မှစ၍ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။
တရားသူကြီး ဒေါက်တာအောင်ထွန်းလင်းကို ၁၉၆၉ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၁၉၉၄ ခုနှစ် တွင် ဥပဒေဘွဲ့ ကိုလည်းကောင်း၊ ၂၀၀၃ ခုနှစ်တွင် မဟာဥပဒေဘွဲ့ ကိုလည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် ဥပဒေပါရဂူဘွဲ့ ကိုလည်းကောင်း ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့ပါသည်။ စစ်ဥပဒေချုပ်ရုံးတွင် အကြီးတန်း လက်ထောက်စစ်ဥပဒေချုပ်ရာထူးအထိ ၂၇ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါသည်။