ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၌ ၂၄.၉.၂၀၂၁ ရက်နေ့၊ နံနက် (၅း၃၀) အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် တရားရေးအရာရှိများ၊ ဝန်ထမ်းများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ် - ၁၉ အတွက် ထုတ်ပြန်ထားသော ညွှန်ကြားချက်များ နှင့်အညီ ဆရာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပကြပါသည်။



