သတင်းများ

(၁၁) ကြိမ်မြောက် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း
Post Image

ပုသိမ်၊ နိုဝင်ဘာ ၆

 

ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၏ (၁၁)ကြိမ်မြောက် ကထိန်လျာသင်္ကန်း    ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉  ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက်(၀၉:၀၀)နာရီ အချိန်က ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးမျိုးညွန့်၊ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေး ဦးစီးမှူး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီး  များ၊ တရားရေး အရာထမ်းများ နှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ 

 

        ထို့နောက် အခမ်းအနားသို့ ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များထံသို့ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး နှင့် အလှူရှင်များက   ကထိန်လျာသင်္ကန်း နှင့် လှူဖွယ်ပစ္စည်းအစုစုအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် ပုဂံကျောင်းသစ်ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်း ပေးဝေခဲ့ပြီး ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့မှ အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဌတု (၃) ကြိမ် ရွတ်ဆို၍ ရုပ်သိမ်းခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်၏ (၁၁) ကြိမ်မြောက် ကထိန်လျာသင်္ကန်းဆက်ကပ် လှူဒါန်းရာတွင် ငွေတန်ဖိုးမှာ (၃,၅၀၀,၀၀၀) ကျပ်ဖြစ်ပြီး ပစ္စည်းတန်ဖိုးမှာ (၅၂၇,၅၀၀) ကျပ် ဖြစ်ပါသည်။

 

 

 

 

 

 

 

 

 

 

 

 

 

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ