ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် နှင့် ခရိုင် / မြို့နယ် တရားရုံးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီ အချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ် - ၁၉ အတွက် ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး၊ တိုင်းဒေသကြီးတရားလွှတ်တော်၊ ပုသိမ်ခရိုင်တရားရုံးနှင့် ပုသိမ်မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများ တက်ရောက်ကြပြီး ကျန်ခရိုင်နှင့် မြို့နယ် တရားရုံးမှ တရားရေးအရာရှိများက Video Conferencing (Zoom Meeting) စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဦးဝင်းမြင့်၊ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါ်ယဉ်ယဉ်ဟန်၊ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါ်မိုးမိုးအေး တို့က တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီးမှာကြားကြပါသည်။

ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားရေးဦးစီးမှူး ဒေါ်မြင့်ဝှာက တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ဆွေးနွေးပွဲတွင် ပြောကြားချက်များအား ပြန်လည်ရှင်းလင်း မှာကြားခဲ့ကြပြီးနောက် တက်ရောက်လာကြသော ခရိုင်နှင့်မြို့နယ်တရားသူကြီးများက စစ်ဆေးဆဲအမှုများအခြေအနေ နှင့် အခက်အခဲများကို ရှင်းလင်းတင်ပြကြပါသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။