
ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တွင် အမှုထမ်းသစ်များ၏ လုပ်ငန်းဝင်သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့၊ နံနက်တွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီးနောက် အမှုထမ်းသစ်များက တစ်ဦးချင်း မိတ်ဆက်တင်ပြကြ ပါသည်။


ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားရေးဦးစီးမှူး ဒေါ်မြင့်ဝှာက အမှုထမ်းသစ်များကို အမှာစကားပြောကြားပါသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။

