ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် နှင့် ခရိုင် / မြို့နယ် တရားရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့၊ နံနက် (၉း၃၀) နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦိးဝင်းမြင့်နှင့် တရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တိုင်းဒေသကြီးတရားလွှတ်တော်၊ ပုသိမ်ခရိုင်တရားရုံးနှင့် ပုသိမ်မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများ တက်ရောက်ကြပြီး ကျန်ခရိုင်နှင့် မြို့နယ်တရားရုံးမှ တရားရေးအရာရှိများက Video Conferencing (Zoom Meeting) စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါ်ယဉ်ယဉ်ဟန်၊ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်မိုးမိုးအေး၊ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဦးဝင်းမြိုင်၊ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စန်းဝင်းတို့က တာဝန်ကျ ခရိုင်အလိုက် ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က သီးသန့်တရားရုံး တွင် စစ်ဆေးသော အမှုများနှင့်စပ်လျဉ်း၍ သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင် အားထုတ် ဆောင်ရွက်ကြရန်၊ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေးအတွက် ခရိုင်အလိုက် တာဝန်ခံ တရားလွှတ်တော်တရားသူကြီးများက ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် အမှုကြန့်ကြာစေသည့် အခက်အခဲများရှိက အဆင့်ဆင့်တင်ပြ၍ ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။