ငပုတော၊ ဇန်နဝါရီ ၂၅
(၂၅ - ၁ - ၂၀၂၂) ရက်နေ့ ၊ နံနက် ( ၀၉ : ၁၅ ) နာရီ မင်္ဂလာအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဦးဝင်းမြိုင်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်ထွေးထွေး၊ ပုသိမ်ခရိုင်၊ ဒုတိယခရိုင် တရားသူကြီး ဦးသောင်းထွန်း၊ ငပုတောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ၊ ငပုတောမြို့နယ်တရားသူကြီး ဦးကျော်ကိုကိုနိုင်တို့က ငပုတောမြို့နယ်တရားရုံး အဆောက်အဦသစ်တည်ဆောက်မည့် ဦးပိုင်အမှတ် - ၈၅၊ ငပုတောတောင်ကွင်း၊ ကွင်းအမှတ် - ၁၃၈၇ ၊ မဂ္ဂင်လမ်းမကြီး၊ တောင်ပိုင်းရပ်ကွက်၌ ပန္နက်တိုင်များစိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြပါသည်။





