သတင်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ (၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲ
Post Image

ပုသိမ်၊ မတ်လ  ၂ ရက်

          နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်မှ ၁၉ ရက်အထိ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သော ပြည်ထောင်စု တရားလွှတ်တော်ချုပ် နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ ခရိုင်တရားသူကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ၏ (၂၂) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို မတ်လ ၂ ရက်၊ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။

          ထပ်ဆင့်ရှင်းလင်းပွဲတွင် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်က အမှုများကိုကြန့်ကြာမှုမရှိစေဘဲ ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေး၊ လက်အောက်တရားရုံးများကို စိစစ်ကြပ်မတ်ပြီး မှားယွင်းချွတ်ချော်မှုများကို ပြင်ဆင် တည့်မတ်ပေးရေး၊ သီးသန့်တရားရုံးဖြင့် စစ်ဆေးနေသည့် အမှုများကြန့်ကြာမှုမရှိစေဘဲ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်စေရေး၊ နိုင်ငံဝန်ထမ်းဥပဒေ၊နည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်များနှင့် တရားစီရင်ရေးကျင့်ဝတ်များကို လေးစားလိုက်နာ စောင့်ထိန်းရေးနှင့် ၂၀၂၂ ခုနှစ်၊ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း ပဉ္စမနှစ်လုပ်ငန်းအစီအစဉ် အောင်မြင်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရေး စသည့် ပြည်ထောင်စုတရားသူကြီးချုပ်၏ မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားသည်။

 

          အဆိုပါထပ်ဆင့် ရှင်းလင်းပွဲသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် တိုင်းဒေသကြီးတရားလွှတ်တော်၊ ပုသိမ် ခရိုင်/မြို့နယ် တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း (၂၁)ဦးက တိုင်းဒေသကြီး တရားလွှတ်တော် အစည်းအဝေးခန်းမတွင် တက်ရောက်ခဲ့ပြီး ကျန် ခရိုင်/မြို့နယ်တရားရုံးများမှ တရားသူကြီးများက ရုံးစိုက်ရာဒေသရှိ တရားရုံးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ