ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တွင် မြန်မာနှစ်သစ်ကူးမဟာသင်္ကြန်ရုံးပိတ်ရက်ကာလ၌တိုင်းဒေသကြီးအတွင်းရှိ တရားရုံးများကမိမိတို့ရုံးများအား စီမံခန့်ခွဲဆောင်ရွက်ထားရှိမှု အခြေအနေတင်ပြသည့်အစည်းအဝေးကို ဧပြီလ(၇)ရက်နေ့ နေ့လည်(၁၃း၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးတရားလွှတ်တော်မှ တရားသူကြီးချုပ် ဦးဝင်းမြင့်နှင့်တရားသူကြီးများ၊ တရားရေးအရာရှိများ၊ ပုသိမ်ခရိုင်နှင့်မြို့နယ်တရားရုံးတို့မှ တရားသူကြီးများ၊ စုစုပေါင်း (၂၁)ဦးတို့က တိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမတွင် လည်းကောင်း၊ ကျန်ခရိုင်/မြို့နယ်တရားသူကြီးများက ရုံးစိုက်ရာဒေသရှိ တရားရုံးများမှ Video Conferencing စနစ်ဖြင့်လည်းကောင်းတက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်က သင်္ကြန်ကာလအတွင်း ရုံးလုံခြုံရေးကိစ္စရပ်များဂရုပြု ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်တရားသူကြီးများက မိမိတို့ရုံးအလိုက် ရုံးလုပ်ငန်းများ စီမံခန့်ခွဲဆောင်ရွက်ထားရှိမှုအခြေအနေများ၊ တာ၀န်ခွဲဝေချထားမှုများအား တင်ပြခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်(ဒုတိယပိုင်း)အဖြစ် ဧရာ၀တီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်နှင့် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့က မြန်မာနှစ်သစ်ကူး မဟာသင်္ကြန်ကာလအတွင်းဝန်ထမ်း (၂၉)ဦးတို့အား ထောက်ပံ့ကြေးငွေ (၂၀၀၀၀ိ/-) (ကျပ်နှစ်သောင်းတိတိ)နှင့် ဆီ (၁)ပိဿာစီကို ထောက်ပံ့ပေးအပ်သည့်အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ပါသည်။