သတင်းများ

မော်လမြိုင်ကျွန်းမြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Post Image

မော်လမြိုင်ကျွန်း မေ ၂၁

          ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းနယ်တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁း၃၀ နာရီ အချိန်က မော်လမြိုင်ကျွန်းမြို့၊ အသောကလမ်းရှိ အဆိုပါရုံးနေရာ၌ ကျင်းပသည်။

 

          အဆောက်အဦသစ်ကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့် နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မြို့နယ်တရားရုံးဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်၍ အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးကာ အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။

 

          ဆက်လက်၍ ကမ္ပည်းမော်ကွန်းဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး အခမ်းအနား အစီအစဉ် ဒုတိယပိုင်းကို အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဧရာဝတီသား(ဟေ့) ဆောက်လုပ်ရေး ကုမ္ပဏီမှ မန်‌နေးဂျင်း ဒါရိုက်တာ ဦးမင်းမင်းက အဆောက်အဦနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အဆောက်အဦနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို တာဝန်ရှိသူထံ လွှဲပြောင်းပေးအပ်သည်။

 

          ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်‌တော်တရားသူကြီးချုပ်က တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ တက်ရောက်လာကြသော ဧည့်သည်တော်များအား အဆောက်အဦသစ် ဖွင့်လှစ်ခြင်း အထိမ်းအမှတ်ပစ္စည်းနှင့် အလံငယ်များ ပေးအပ်သည်။

          ယင်းနောက် ဖွင့်လှစ်သည့် မော်လမြိုင်ကျွန်းမြို့နယ်တရားရုံး ပင်မ အဆောက်အဦသစ်မှာ အလျား ၁၁၇ ပေ၊ အနံ ၄၆ ပေ အကျယ်အဝန်းရှိ သံကူကွန်ကရစ်အမျိုးအစား နှစ်ထပ်အဆောက်အဦဖြစ်ပြီး တရားရုံးအသုံးပြုသူများအနေဖြင့် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ