ပုသိမ်၊ ဇွန်လ ၃ ရက်
ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၁၀း၃၀) တွင် တရားစီရင်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်က ကြန့်ကြာမှုများ နှင့် အထူးတရားရုံးများဖြင့် စစ်ဆေးသည့်အမှုများအား ဦးစားပေး၍ အမြန်ပြီးပြတ်အောင် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်ထွေးထွေး၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်စိုးညွန့်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ချိုထက် နှင့် ခရိုင်/မြို့နယ် တရားရုံးများမှ တရားသူကြီးများ စုစုပေါင်း (၃၂) ဦး တက်ရောက်ခဲ့ကြပါသည်။