၂၀၂၂ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှစတင်၍ နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကြံခင်းမြို့နယ်တရားရုံး၊ မြန်အောင်မြို့နယ်တရားရုံး နှင့် အင်္ဂပူမြို့နယ်တရားရုံးတို့တွင် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားများကို (၂၂-၆-၂၀၂၂) ရက်နေ့က သက်ဆိုင်ရာ မြို့နယ်များတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်က မိတ်ဆက်အမှာစကား ပြောကြားခဲ့ပြီး မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (CMP) ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်နေသော ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ချိုထက်က မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (CMP)နှင့် စပ်လျဉ်း၍ တက်ရောက် လာသူများက မေးမြန်းချက်များအပေါ် ရှင်းလင်းပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် မိတ်ဆက်အဖွဲ့အစည်းများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ၊ ရှေ့နေရှေ့ရပ်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ဥပဒေအရာရှိ နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး မြို့နယ်တရားသူကြီးများက မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်(CMP)နှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။