ပုသိမ် ၊ ဩဂုတ် ၂၇ ရက်
ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၉း၃၀) နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များ၏ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက် မှ ၁၉ ရက်အထိ (၂၃) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်က ပြည်ထောင်စုတရားသူကြီးချုပ် နှင့် ပြည်ထောင်စုတရားလွှတ်တော်တရားသူကြီးများ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့် ရှင်းလင်း ပြောကြားခဲ့ပြီး တရားလွှတ်တော်တရားသူကြီးများက တရားစီရင်ရေးကိစ္စများ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးတရားရေးဦးစီးမှူးက အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှုးများ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် တရားရေးအရာရှိများ၊ ခရိုင်/မြို့နယ် တရားရုံးများမှ တရားသူကြီးများ စုစုပေါင်း (၉၈) ဦး တက်ရောက်ခဲ့ကြပါသည်။