ပုသိမ်၊ စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်နှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်ထွေးထွေးတို့သည် ၁-၉-၂၀၂၂ ရက်နေ့ နံနက် (၀၉း၀၀)နာရီ အချိန်တွင် မြန်အောင်ခရိုင်တရားရုံးသစ်အား ခရိုင်တရားရုံးတည်ရှိရာ မြန်အောင်မြို့၊ အမှတ်(၁) ရပ်ကွက်၊ ရုံးလမ်းသို့ သွားရောက်ဖွင့်လှစ်ခဲ့ပြီး ယင်းနေ့နံနက် (၁၁း၃၀) နာရီ အချိန်တွင် ကျုံပျော်ခရိုင်တရားရုံးသစ်အား ခရိုင်တရားရုံးတည်ရှိရာ ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းသို့ သွားရောက်ဖွင့်လှစ်ခဲ့ပါသည်။