ပုသိမ် ၊ မတ် ၁၂ ရက်
ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ / ခရိုင်တရားသူကြီးများ၏ (၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်း နှင့် တရားစီရင်ရေးကိစ္စရပ်များ လမ်းညွှန်မှာကြားသည့် အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ (၁၂.၃.၂၀၂၃) ရက်နေ့၊ နံနက် (၁၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့် နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး နှင့် တိုင်းဒေသကြီးတရားလွှတ်တော်ရှိ တရားရေးအရာရှိများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်တရားရုံးများမှ တရားသူကြီးများ စုစုပေါင်း (၉၉) ဦး တက်ရောက်ရောက်ခဲ့ကြပြီး အစည်းအဝေးအပြီးတွင် တရားသူကြီးချုပ်သည် တရားရေးအရာရှိများ၊ ဝန်ထမ်းများနှင့်အတူ နေ့လည်စာသုံးဆောင်ခဲ့ပါသည်။