သတင်းများ

ပြည်‌ထောင်စုတရားလွှတ်တော်ချုပ် နှင့် တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော်များ၏ (၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့် ရှင်းလင်း
Post Image

 

ပုသိမ် ၊ စက်တင်ဘာ ၃ ရက်

 

         ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၄ မှ ၂၅ ရက်အထိ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သော

ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင့် တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး / ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းသည့်  အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီ အချိန်က ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့် နှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့က (၂၅) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပြီး တရားလွှတ်တော် တရားသူကြီးများက တရားစီရင်ရေးဆိုင်ရာများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

 

 

အဆိုပါထပ်ဆင့်ရှင်းလင်းပွဲသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး နှင့်  တရားရေးအရာရှိများ တိုင်းဒေသကြီးအတွင်းရှိ ခရိုင် နှင့် မြို့နယ်တရားရုံးများမှတရားသူကြီးများ စုစုပေါင်း (၁၁၃) ဦး တက်ရောက်ခဲ့ကြပါသည်။

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ