သတင်းများ

“(၁၃) ကြိမ်မြောက် ကထိန်အလှူတော်အခမ်းအနား” ကျင်းပပြုလုပ်
Post Image

ပုသိမ် ၊ နိုဝင်ဘာ ၁၈ ရက်

 

             ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၊ ခရိုင်တရားရုံး နှင့် မြို့နယ်တရားရုံးမိသားစုများ၏ “(၁၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူပွဲ” ကို ၁၃၈၅ ခုနှစ် ၊ တန်ဆောင်မုန်းလဆန်း (၆) ရက် ၊ ၁၈-၁၁-၂၀၂၃ ရက်နေ့ (စနေနေ့)  နံနက်(၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး နှင့် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ ဝန်ထမ်းများ နှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ 

 

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ပုသိမ်မြို့၊ ပုဂံကျောင်းသစ်ကျောင်းတိုက်တွင် ပုရိမဝါ မှ ထမြောက်တော်မူကြကုန်သော  သံဃာတော် အရှင်သူမြတ်တို့အား ကထိန်လျာသင်္ကန်း၊ ပဒေသာပင်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းအစုစုတို့ကို ဆက်ကပ် လှူဒါန်း၍ အတူတကွ ရေစက်သွန်းချအမျှဝေ၍ သာဓုအနုမောဒနာ ခေါ်ဆိုခဲ့ကြပါသည်။

 

 

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ