ပုသိမ် ၊ ဇွန် ၆ ရက်

ယနေ့ မွန်းလွဲ (၃း၃၀) နာရီတွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်ရှိ တရားရေးအရာရှိများနှင့် ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်ထောက်ပံကြေးပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးတရားရေးဦးစီးမှူးက ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် တရားလွှတ်တော် တရားသူကြီးချုပ်က တရားရေးအရာရှိများနှင့် ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးများအား ပေးအပ်ခဲ့ပါသည်။


