သတင်းများ

ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၊ ၂၀၂၁ခုနှစ်၊ မေလ ၁၅ ရက်နေ့၊ နံနက် (၁၁:ဝဝ) နာရီ အချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Covid – 19 အတွက် ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၊ ၂၀၂၁ခုနှစ်၊ မေလ ၁၅ ရက်နေ့၊ နံနက် (၁၁:ဝဝ) နာရီ အချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Covid – 19 အတွက် ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနား ကျင်းပ

သတင်းများ

AYY CJ

CJ

AYY HC

DJ

 

All

 

ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၊ ၂၀၂၁ခုနှစ်၊ မေလ ၁၅ ရက်နေ့၊  နံနက် (၁၁:၀၀) နာရီ အချိန်တွင်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Covid – 19 အတွက် ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနား  ကျင်းပပါသည်။

 

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဦးဝင်းမြင့်၊ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါ်ယဉ်ယဉ်ဟန်၊ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်မိုးမိုးအေး တို့က တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီးမှာကြားကြပါသည်။

ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားရေးဦးစီးမှူး ဒေါ်မြင့်ဝှာ၊ ဒုတိယညွှန်ကြားရေးမှူး(စီမံ)၊ ဒုတိယညွှန်ကြားရေးမှူး(တရားစီရင်ရေး) တို့က တရားစီရင်ရေး စီမံခန့်ခွဲရေးလုပ်ငန်းများနှင့်ပတ်သက်၍ မှာကြားခဲ့ကြပြီးနောက် တက်ရောက်လာကြသော ခရိုင်နှင့် မြို့နယ်တရားသူကြီးများက တရားစီရင်ရေးစီမံခန့်ခွဲရေး နှင့် သက်သေခံပစ္စည်းများစီမံခန့်ခွဲရေး လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြပါသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ