ပုသိမ် ၊ သြဂုတ် ၃၀
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့ အထိကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့် ရှင်းလင်းသည့်အခမ်းအနားကို သြဂုတ်လ ၃၀ ရက်နေ့၊ နေ့လည် (၁၂) နာရီက ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ ထပ်ဆင့်ရှင်းလင်းပွဲတွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်က (၂၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီး ချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ၏ တရားစီရင်ရေးဆိုင်ရာ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်ထွေးထွေးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ လမ်းညွှန်မှာကြားချက်များ နှင့် ရုံးလုပ်ငန်းဆိုင်ရာများကို ထပ်ဆင့် ရှင်းလင်းခဲ့ပါသည်။
အဆိုပါထပ်ဆင့်ရှင်းလင်းပွဲသို့ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် တိုင်းဒေသကြီးတရားလွှတ်တော်၊ ခရိုင် နှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း (၁၁၆) ဦး တက်ရောက်ခဲ့ကြပါသည်။