သတင်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး / ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ / ခရိုင်တရားသူကြီးများ၏ (၃၀)ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ
Post Image

ပုသိမ် ၊ ဖေဖော်ဝါရီ ၁၁ 

 

          ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၆ ရက်နေ့ အထိကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး / ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီး များ၏ (၃၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့် ရှင်းလင်းသည့် အခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နံနက် (၁၀) နာရီက ဧရာဝတီ တိုင်းဒေသကြီး တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

          ထပ်ဆင့်ရှင်းလင်းပွဲတွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိုးမိုးအေးက (၃၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်‌ထောင်စု တရားသူကြီးချုပ် နှင့်  ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၏  တရားစီရင်ရေးဆိုင်ရာ လမ်းညွှန် မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူးဒေါ်ထွေးထွေး က ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ လမ်းညွှန်မှာကြားချက်များ နှင့် ရုံးလုပ်ငန်း ဆိုင်ရာများကို ထပ်ဆင့် ရှင်းလင်းခဲ့ပါသည်။

 

    အဆိုပါထပ်ဆင့်ရှင်းလင်းပွဲသို့ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် တိုင်းဒေသကြီးတရားလွှတ်တော်၊ ခရိုင် နှင့် မြို့နယ်တရားရုံးများ မှ တရားသူကြီးများ၊ တရားရေးအရာရှိများ စုစုပေါင်း (  ၁၂၄ ) ဦး တက်‌ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ