သတင်းများ

ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တွင် တရားရုံးဝန်ထမ်းများ အရည်အသွေးမြှင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းကျင်းပ
Post Image

ပုသိမ်၊ မတ် ၁၈

           "တရားရုံးဝန်ထမ်းများ အရည်အသွေးမြှင့် သင်တန်းအမှတ်စဉ် (၁/၂၀၂၆)" ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်မိုးမိုးအေးက အဖွင့်အမှာစကား ပြောကြားပြီးနောက် တက်ရောက်လာကြသော သင်တန်းသား/သင်တန်းသူများမှ တစ်ဦးချင်း မိတ်ဆက်တင်ပြကြပါသည်။

           သင်တန်းကာလမှာ ၁၈-၃-၂၀၂၆ ရက်နေ့မှ ၁၉-၃-၂၀၂၆ ရက်နေ့အထိဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၊ ခရိုင် နှင့် မြို့နယ်တရားရုံးများမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၄၂) ဦး တက်ရောက်ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ