သတင်းများ

ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တွင် တရားရုံးဝန်ထမ်းများ အရည်အသွေးမြှင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲကျင်းပ
Post Image

ပုသိမ်၊ မတ် (၁၉)

                  "တရားရုံးဝန်ထမ်းများ အရည်အသွေးမြှင့် သင်တန်းအမှတ်စဉ် (၁/၂၀၂၆)" သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့၊ ညနေ (၄) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မိုးမိုးအေးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။

               အဆိုပါသင်တန်းတွင် သင်တန်းဆရာ (၆) ဦးက တရားရုံးလုပ်ငန်းများနှင့်စပ်လျဉ်း၍ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား (၄၂) ဦး တက်ရောက်ခဲ့ပါသည်။