သတင်းများ

နှစ်သစ်ကူးအကြိုထောက်ပံ့ငွေ နှင့် လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်
Post Image

ပုသိမ် ၊ ဧပြီ  ၉ ရက်

 

     ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် နှစ်သစ်ကူးအကြိုထောက်ပံ့ငွေနှင့် လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ် ၊ ဧပြီလ (၉) ရက် ၊ နံနက်  ၁၀:၃၀ နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိုးမိုးအေးက  အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်ထွေးထွေးက ထောက်ပံ့ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

 

         နှစ်သစ်ကူးအကြိုအဖြစ် ဝန်ထမ်းတစ်ဦးလျှင် ငွေတစ်သောင်းကျပ်နှင့် ဆီ ၅၀ ကျပ်သား၊ ဘဲဥ၊ ကြက်ဥ၊ ကြက်သွန်နီများ ပေးအပ်ခဲ့ရာ  ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က အရာထမ်းများအားလည်းကောင်း၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးက အမှုထမ်းများအားလည်းကောင်း ထောက်ပံငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ