သတင်းများ

ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၊ တရားလွှတ်တော်တရားသူကြီး ဒေါ်ယဉ်ယဉ်ဟန်က မအူပင်အကျဉ်းထောင်နှင့် မအူပင်မြို့မရဲစခန်းတို့အား ကြည့်ရှုစစ်ဆေးခြင်း
Post Image

ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၊ တရားလွှတ်တော်တရားသူကြီး ဒေါ်ယဉ်ယဉ်ဟန်က

မအူပင်အကျဉ်းထောင်နှင့် မအူပင်မြို့မရဲစခန်းတို့အား ကြည့်ရှုစစ်ဆေးခြင်း

ဇွန်လ ၇ ရက်၊ (တနင်္လာနေ့)

ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၊ တရားလွှတ်တော်တရားသူကြီး ဒေါ်ယဉ်ယဉ်ဟန်သည် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မေစိမ့်စမ်း၊ မအူပင်ခရိုင်တရားသူကြီး ဒေါ်ဝင်းဝင်းနိုင်၊ ဒုတိယခရိုင်တရားသူကြီး ဦးလင်းအောင်သူ၊ မြို့နယ်တရားသူကြီး၊ မအူပင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ဝင်း တို့လိုက်ပါလျှက် ဇွန်လ (၇) ရက်နေ့၊ နံနက် ၈နာရီ တွင် မအူပင် အကျဉ်းထောင်နှင့် မအူပင်မြို့မရဲစခန်း တို့အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၊ တရားလွှတ်တော်တရားသူကြီး ဒေါ်ယဉ်ယဉ်ဟန်အား မအူပင် အကျဉ်းထောင်တာဝန်ခံအရာရှိက အကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျခံနေရသူများ၊ အချုပ်ကျခံနေရသူ     များ၏ ကျန်းမာရေး၊ နေထိုင်စားသောက်မှု၊ သောက်သုံးရေ ရရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးနှင့် တာဝန်ရှိသူများသည် အကျဉ်းထောင်အတွင်း အကျဉ်းသားများ နေထိုင်သည့် အဆောင်များသို့ လှည့်လည်ကြည့်ရှုကာ အကျဉ်းသား၊အချုပ်သားများ ဥပဒေနှင့်အညီ ရပိုင်ခွင့် အခွင့်အရေးများ ရရှိခြင်း ရှိ/မရှိ၊ အစာအာဟာရ သင့်တင့်မျှတမှု ရှိ/မရှိ၊ နေရာထိုင်ခင်း သက်သာချောင်ချိမှု ရှိ/မရှိ၊ အကျဉ်းသားများ ကျန်းမာရေးမကောင်းပါက ဆေးကုသခွင့် ရှိ/မရှိ၊ ညှင်းပန်းနှိပ်စက်ခံရမှု ရှိ/မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စားဖိုဆောင်၊ ဆေးပေးခန်းတို့ကိုပါ ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များကို မှာကြားခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ