သတင်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး / ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး / ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ / ခရိုင်တရားသူကြီးများ၏ (၃၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ
Post Image

ပုသိမ် ၊ ဇူလိုင် ၁၈ 

          ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ အထိ  ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး / ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး / ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ / ခရိုင်တရားသူကြီးများ၏ (၃၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို ဇူလိုင်လ ၁၈ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

          ထပ်ဆင့်ရှင်းလင်းပွဲတွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိုးမိုးအေးက (၃၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်‌ထောင်စုတရားသူကြီးချုပ် နှင့်  ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၏  တရားစီရင်ရေးဆိုင်ရာ လမ်းညွှန် မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူးဒေါ်စန္ဒာကျော် က ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၏ လမ်းညွှန်မှာကြားချက်များနှင့် ရုံးလုပ်ငန်းဆိုင်ရာများကို ထပ်ဆင့် ရှင်းလင်း ခဲ့ပါသည်။

            အဆိုပါထပ်ဆင့်ရှင်းလင်းပွဲသို့ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် တိုင်းဒေသကြီးတရားလွှတ်တော်၊ ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများ၊ တရားသူကြီးများ၊ စုစုပေါင်း (၁၂၄) ဦး တက်‌ရောက်ခဲ့ကြပါသည်။

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ