ပုသိမ်၊ ဇူလိုင် ၃၁
ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၀၅:၀၀ နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး နှင့် တိုင်းဒေသကြီးတရားလွှတ်တော်၊ ပုသိမ်ခရိုင်တရားရုံး၊ ပုသိမ်မြို့နယ်တရားရုံး တို့ရှိ အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြည်ညို၍ အရုဏ်ဆွမ်း၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

အခမ်းအနားသို့ ပင့်ဖိတ်ထားသည့် သံဃာတော်အရှင်သူမြတ်တို့ထံမှ ငါးပါးသီလ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့ထံ ဆွမ်း၊ သင်္ကန်းအစရှိသည့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြလျက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွား ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

