
ပုသိမ်၊ စက်တင်ဘာ ၃၀
နိုင်ငံတော်သမ္မတ၏ ခရီးစဉ်လမ်းညွှန်ချက်အရ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားမှုဖြင့် ဟင်္သာတခရိုင်တရားရုံးနှင့် ဟင်္သာတမြို့နယ်တရားရုံးအဆောက်အဦအား တရားရုံးအင်္ဂါရပ်နှင့်အညီ ဆေးသုတ်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို (၃၀-၉-၂၀၂၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိုးမိုးအေး နှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးဒေါ်စန္ဒာကျော်တို့သည် သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှု ဖြစ်ပွားပြီး ရေကျော်စီးဝင်ခြင်းဖြစ်ပေါ်ခဲ့သည့် လေးမျက်နှာမြို့နယ်တရားရုံးသို့ သွားရောက်လျက် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို စိစစ်ကြည့်ရှုကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကူညီထောက်ပံ့မှုများ၊ လမ်းညွှန်မှာကြားမှုများ ပြုလုပ်ခဲ့ပါသည်။






