၁၄-၆-၂၀၂၁ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခမ်းမ၌ အခြေခံကွန်ပျူတာမွမ်းမံသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဦးမျိုးညွန့် တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် အခြေခံကွန်ပျူတာမွမ်းမံသင်တန်းတွင် တရားလွှတ်တော်တရားသူကြီးချုပ်က ပထမဆုရ သင်တန်းသူအားလည်းကောင်း၊ တရားလွှတ်တော်တရားသူကြီး ဦးဝင်းမြင့်က ဒုတိယဆုရ သင်တန်းသူအား လည်းကောင်း၊ တရားလွှတ်တော်တရားသူကြီး ဒေါ်ယဉ်ယဉ်ဟန်က လည်းကောင်း အသီးသီးဆုချီးမြှင့်ခဲ့ပါသည်။