သတင်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေး ဦးစီးမှူးများ၏ (၂၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့် ရှင်းလင်းပွဲ ကျင်းပ
Post Image

 

 ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေး ဦးစီးမှူးများ၏ (၂၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး       ထပ်ဆင့်ရှင်းလင်းပွဲအား ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တွင် တိုင်းဒေသကြီးအတွင်းရှိ      ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများနှင့် ၁၁-၉-၂၀၂၁ ရက်‌နေ့၊   နံနက် ၉း၀၀ အချိန်၌ ကိုဗစ် - ၁၉ စည်းကမ်းချက်များနှင့်အညီ ထပ်ဆင့်ရှင်းလင်းသည့်အခမ်းအနား ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိ၊ ပုသိမ်ခရိုင်တရားရုံးနှင့် ပုသိမ်မြို့နယ်တရားရုံးတို့မှ တရားရေးအရာရှိများ တက်ရောက်ကြပြီး ကျန်ခရိုင်နှင့်မြို့နယ်တရားရုံးမှ တရားရေးအရာရှိများက Video Conferencing (Zoom Meeting) စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

 

 

အဆိုပါ အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးမျိုးညွန့်က ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်တရားသူကြီးများ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပြောကြားပြီး တရားစီရင်ရေး၊ စီမံခန့်ခွဲရေးနှင့် ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လမ်းညွှန်ဆွေးနွေးမှာကြားပါသည်။ ထို့နောက် တိုင်းဒေသကြီးတရားရေးဦးစီးမှူးက အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၏ ညွှန်ကြားချက်များအား ထပ်ဆင့် ရှင်းလင်းပြောကြားပါသည်။

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ