သတင်းများ

ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တွင် တရားရုံးဝန်ထမ်းများကို ထောက်ပံ့ကြေးပေးအပ်ပွဲ နှင့် တရားလွှတ်တော်တရားသူကြီးဒေါ်ယဉ်ယဉ်ဟန်က ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကျင်းပ
Post Image

ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့၊ မွန်းလွဲ (၁၃း၀၀) နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တွင် တာဝန်ထမ်းဆောင်နေကြသည့် တရားရုံး           ဝန်ထမ်းများကို ထောက်ပံ့ကြေးပေးအပ်ပွဲ နှင့် တရားလွှတ်တော်တရားသူကြီး ဒေါ်ယဉ်ယဉ်ဟန်က တရားရေးအရာထမ်း၊ အမှုထမ်းများ အားလုံးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနား ကျင်းပပါသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဝန်ထမ်းများအား ထောက်ပံ့ကြေးငွေပေးအပ်ရာ ဝန်ထမ်းများကိုယ်စား ဦးစီးအရာရှိဒေါ်ခင်ငုဝါလဲ့ရီက လက်ခံရယူခဲ့ပါသည်။

ထို့နောက် တရားလွှတ်တော်တရားသူကြီးဒေါ်ယဉ်ယဉ်ဟန်က ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများအား လှူဒါန်းရာ တရားရေးအရာထမ်း၊ အမှုထမ်းများအားလုံး ကိုယ်စား ဒုတိယညွှန်ကြားရေးမှူး ဒေါ်မေစိမ့်စမ်းက လက်ခံရယူခဲ့ပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ