ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စန်းဝင်းသည် တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်စန္ဒာကျော်၊ မြောင်းမြခရိုင်တရားသူကြီး ဒေါ်မို့မို့အေး၊ လပွတ္တာခရိုင်တရားသူကြီး ဒေါ်ယင်းမာတို့ လိုက်ပါလျက် အောက်တိုဘာလ(၁၆)ရက်နေ့၊ နံနက်ပိုင်းတွင် မြောင်းမြအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးရာ အကျဉ်းထောင် တာဝန်ခံအရာရှိက အကျဉ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးနှင့် တာဝန်ရှိသူများသည် အကျဉ်းထောင်အတွင်း အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများ နေထိုင်သည့် အဆောင်များနှင့် စားဖိုဆောင်၊ အကျဉ်းထောင်ဆေးရုံ၊ ရေသန့်စက်တို့သို့ လှည့်လည် ကြည့်ရှုကာ ၎င်းတို့၏ ဥပဒေပါအခွင့်အရေးများရရှိခြင်း ရှိ/မရှိ၊ နေရာထိုင်ခင်း သက်သာချောင်ချိမှု ရှိ/မရှိ၊ စားသောက်ရာတွင် အာဟာရသင့်တင့်မျှတမှု ရှိ/မရှိ၊ ရေသန့်စက်ထားရှိမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာသင်ကြားမှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ပြီး လိုအပ်ချက်များကို အကျည်းထောင်ရှိ တာဝန်ရှိသူများအား မှာကြားခဲ့သည်။



