ပုသိမ် ၊ အောက်တိုဘာ ၂၀ ရက်
ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တွင် တာဝန်ထမ်းဆောင်လျှက်ရှိသော အရာထမ်း/ အမှုထမ်းများအား ထောက်ပံ့ငွေနှင့်ဝတ်စုံများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့၊ နံနက် ၉:၃၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိုးမိုးအေးက အဖွင့်အမှာစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ နှင့် တိုင်းဒေသကြီး တရားရေးဦးစီးမှူးက ဝတ်စုံများ ပေးအပ်သည်။







